ငပုတောမြို့နယ် စည်ပင်သာရေးအဖွဲ့မှ မိုးရာသီတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပ စေရေးနှင့် မိုးရာသီတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မဂ္ဂင်လမ်းမကြီးရှိ ရေနုတ်မြောင်း ဖော်ထုတ် ရှင်းလင်းခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။