တောင်သာမြို့တွင် နဂါးမောက်ပင်များအား ဓလေ့တစ်ခုသဖွယ်စိုက်ပျိုး

တောင်သာ  ဩဂုတ် 

တောင်သာမြို့ရှိ ရပ်ကွက်အချို့၌ လူနေအိမ်တချို့ရှိ မြေကွက်လပ်များတွင် နဂါးမောက်ပင်များအား ဓလေ့တစ်ခုသဖွယ် စိုက်ပျိုးလျက်ရှိပြီး မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးထားရှိကြောင်းသိရသည်။

အဆိုပါ နဂါးမောက်ပင်ကို မစိုက်ပျိုးမီ မြောင်းပေါင်ပြုလုပ်ပြီး သဘာဝမြေဆွေးများနှင့်စိုက်ပျိုး ခြင်းဖြစ်ပြီး ရေနုတ်မြောင်းများပြုလုပ်ပြီး စိုက်ပျိုးထားခြင်းဖြစ်ပြီး နေအိမ်များရှိ အိမ်ရှေ့ (သို့) အိမ် နောက်ဘက်မြေကွက်လပ်များ၌ နဂါးမောက်ပင်များအား စိုက်ပျိုးလျက်ရှိပြီး ယင်းနဂါးမောက်အကိုင်း များနွယ်တက်စေရန် ဝါးများဖြင့်စင်များထိုး၍သော်လည်းကောင်း၊ သစ်ပင်များပေါ်သို့လည်းကောင်း၊ ကိုင်းများအားတက်စေပြီး စိုက်ပျိုးထားခြင်း၊ ၎င်းနဂါးမောက်စိုက်ပျိုးရခြင်းသည် မိသားစုစားသုံးရန်နှင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရခြင်းဖြစ်ကြောင်းနှင့် ယခင်နှစ်တွေမှာ တစ်လုံးကို (၇၀၀) ကျပ်ထိ ရောင်းချရပြီး ယခုနှစ်တွင် တစ်လုံးလျှင် (၄၀၀) ကျပ်သာရရှိကြောင်း၊ နဂါးမောက်စိုက်တောင်သူ ဦးသန်းလွင်၏ ပြောကြားချက်အရသိရသည်။

ယခင် နဂါးမောက်ပင်ကို () လမှ () လထိ ပြုစုပျိုးထောင်ရပြီး () လကြာလျှင် အပွင့်များပွင့်၍ အ သီးများတင်ကြောင်းနှင့် နဂါးမောက်သီးမှာ အဖြူ၊ အနီ () မျိုးလုံးအား စိုက်ပျိုးထားကြကြောင်း သိရ သည်။

ကျော်မျိုးနိုင်(တောင်သာ)