ကော့ကရိတ်မြို့၌ ရဟန်းသာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ကော့ကရိတ် သြဂုတ် ၁၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ဝါတွင်းကာလ (လပြည့်လကွယ်) နေ့များတွင် မြို့နယ်အတွင်းရှိ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းအထောက်အပံ့ဖြစ်စေရေးအတွက် ဆွမ်းဆန်စိမ်း​လောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီချိန်က အမှတ် () ရပ်ကွက်ရှိ ဇိနသုခလောကသရဖူစေတီတော်ရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် ဇိနသုခလောကသရဖူစေတီတော် သဟပုညကာရီဓမ္မာရုံမှ စတင်၍ ဗုဒ္ဓရုပ်ပွားတော်အားရှေ့ဆုံးမှပင့်ဆောင်၍ နောက်တွင် မြို့နယ်အတွင်းမှ ကျောင်းတိုက် (၂၀) ကျောင်းမှ ပင့်သံဃာဆရာတော်အရှင်သူမြတ် အပါး(၂၇၂)ပါး၊ သီလရှင်ကျောင်းတိုက် () ကျောင်းမှ သီလရှင် (၅၃) ပါး၊ စုစုပေါင်း (၃၂၅) ပါးတို့အား ဘုရားရင်ပြင်တော်တွင် ကြွရောက်တော်မူရာ အမှတ်(၁၂)စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်မှ အရာရှိအရာခံ စစ်သည်တော်များနှင့် မိသားစုများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ မြို့ပေါ်ရပ်ကွက်ရှိ အလှူရှင်တို့မှ လှူဖွယ်ဝတ္ထုပစ္စည်းမျိုးစုံတို့ကို လှူဒါန်းခဲ့ကြသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းသည် ဝါတွင်းကာလတွင် ပထမကြိမ်လောင်းလှူခြင်းဖြစ်ပြီး (လပြည့်/လကွယ်) နေ့များတွင်လည်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)