မုဒုံမြို့၌ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ Table – Top Exercise ဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း  သဘာဝဘေးအန္တရာယ်များ  ဖြစ်ပွားလာပါက အချိန် နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်၊ ပြည်သူများ ပူးပေါင်းပါဝင် ဇာတ်တိုက်လေ့ကျင့်ခြင်းများနှင့် အသိပညာများ ဖြန့်ဝေပေးနိုင်ရန်အတွက် ယမန်နေ့က သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ  Table - Top  Exercise  ဆွေးနွေးပွဲကို မုဒုံမြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရပ်ကွက်၊ ကျေးရွာ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများနှင့် ဌာနဆိုင်ရာများရှိ စာဖတ်ပရိသတ်များထံ စာအုပ်စာစောင်များ လှည့်လည်ဌားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အကြောင်းအမျိုးမျိုးကြောင့် မအားလပ်သဖြင့်ပြည်သူ့စာကြည်တိုက်သို့ မလာရောက်နိုင်သော မြို့နယ်တွင်းရှိ ရပ်ကွက်၊ကျေးရွာ‌နေပြည်သူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများနှင့် ဌာနဆိုင်ရာများရှိ စာဖတ်ပရိသတ်များထံ စာအုပ်စာစောင်များအား အပတ်စဉ်လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာဖြစ်သော မြို့နယ်စာရင်းစစ်ရုံးရှိ နိုင်ငံဝန်ထမ်းစာဖတ်ပရိသတ်များ လက်ဝယ်အရောက် ကွင်းဆင်းငှားရမ်းပေးခဲ့သည်။

ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာနှင့်အဖွဲ့ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာ နှင့်အဖွဲ့မှ ပြည်ခရိုင် ရွှေတောင်မြို့နယ် သရက်တောရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းပိုင် သားဖွားဆောင်တွင် ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်တွေ့ဆုံခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင် (၁၃) ဦး အားတစ်ဦးလျှင်ငွေသား (၅၀၀၀ိ/-) ကျပ်နှင့် အဟာရပြည့်ဝစေသည့် အစားအစာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်အဖြစ် သွားနှင့်ခံတွင်း ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုများအနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ စတင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်တွင် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် စစ်ဆေးကုသပေးခြင်းများအား တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ရွာသစ်ကလေးကျေးရွာတွင် (VRFP) စီမံကိန်းရန်ပုံငွေ ကွင်းဆင်းထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ရွာသစ်ကလေးကျေးရွာတွင် ကျေးရွာနေပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ဩဂုတ် ၁၁ ရက်၊ နံနက် ၉  နာရီက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) စီမံကိန်းချေးငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှု တားဆီးနှိပ်နင်းရေး ဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် လူကုန်ကူးမှု တားဆီးနှိပ်နင်းရေးဆိုင်ရာ အသိပညာပေး(Talk Show)ကို ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့ နေလည် ၁၁ နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center တွင် စာဖတ်ဝိုင်းပြုလုပ်

အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ စာပေ ချစ်သူများအသင်း Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ မွေးမြူရေးဘဏ်စနစ်ဖြင့် မျိုးကောင်းမျိုးသန့် ဒေသဝက်များဖြန့်ဖြူး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာ‌ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ မွေးမြူရေး ဘဏ်စနစ်ဖြင့် မျိုးကောင်းမျိုးသန့် ဒေသဝက်များ ဖြန့်ဖြူးပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကွန်နားကျေးရွာနေ အိမ်ထောင်စုများလက်ဝယ်သို့ ဖြန့်ဖြူး ပေးခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါ (အိုမီခရွန်) ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to