သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ် ပြန်/ဆက် ဝန်ထမ်းများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသော “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” လူငယ်နှင့်ပညာဆိုင်ရာစာစု” စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ကျေးရွာများ၏ စိုက်ပျိုးရေးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးအတွက် အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့သရုပ်ပြပွဲများ ဆက်လက်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့သရုပ်ပြပွဲကို တူးကံကျေးရွာအုပ်စု တူးကံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့က ဆောင်ရွက်ခဲ့သည်။

အုတ်တွင်းမြို့နယ်၌ မိုးနေကြာမျိုးစေ့ထုတ်နှင့် တိရစ္ဆာန်အစားအစာအဖြစ် အစေ့ထုတ်ပြောင်း စိုက် ပျိုးထားရှိမှုအခြေအနေအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ဒေသအတွင်းစားသုံးဆီဖူလုံစေရေး၊ မျိုးကောင်း၊ မျိုးသန့်ရရှိထုတ်လုပ်နိုင်စေရေးနှင့် တိရစ္ဆာန်အစားအစာအဖြစ် အစေ့ထုတ်ပြောင်းစိုက်ပျိုးထားရှိမှု အခြေအနေများကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဆင်းရွှေကြာ-၂မိုး နေကြာမျိုးစေ့ထုတ်စိုက်ပျိုးမှုနှင့် တိရစ္ဆာန်အစားအစာအဖြစ် အစေ့ထုတ်ပြောင်း စိုက်ပျိုးထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုအားပေး၍ လိုအပ်သည်များဖြည့်ဆည်း ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသား/ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသား/ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ပဲခူးမြို့ တိုင်းအားကစားခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ကျောက်ပန်းတောင်မြို့၌ ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့နံနက်ခင်းတွင် ရပ်ကွက်အလိုက်  ဓမ္မာရုံဆွမ်းလောင်းကုသိုလ်ပြုသူများဖြင့်စည်ကား

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့တွင် ဝါခေါင်လပြည့်နေ့ (မေတ္တာအခါတော်နေ့) ဖြစ်သည့် ယနေ့နံနက်ပိုင်းက ရပ်ကွက်အလိုက်ဓမ္မာရုံများတွင် ဆွမ်းလောင်း ကုသိုလ်ယူကြသူများ၊ ဆွမ်းခံသံဃာနှင့် ရှင်သာမဏေများ စည်ကားလျက်ရှိပြီး၊ ရပ်ကွက်ဓမ္မာရုံများမှ ဖွင့် သည့် ဓမ္မတေးသံသာများဖြင့် မြို့လုံးညံလျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာ ပြည်မြို့နယ်တွင် ကျေးလက်ဒေသ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာနှင့် ပြည်ခရိုင်၊ ပြည်မြို့နယ် ကျေးလက်ဒေသ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး စီမံချက်လုပ်ငန်းဆောင်ရွက်နေသော ကျေးရွာများမှ ဒေသခံအဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်း/ခရိုင်/မြို့နယ် အမျိုးသမီးသမီးရေးရာအဖွဲ့ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် စီမံချက်ကျေးရွာအုပ်စုများမှ ရပ်/ကျေးအမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်သည်။

မြို့သစ်တွင် "မျောက်ကျောက်ရောဂါ သတိပြု ကာကွယ်ပါ" အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community  Center) ခန်းမတွင် ယမန်နေ့ နေ့လည်(၂) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to