ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်ပေါက်ခေါင်းမြို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ပေါက်ခေါင်း ဩဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင် ဦးဆောင်၍ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနဦးစီးမှူးနှင့် တာဝန်ရှိသူများသည်   ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်း‌အောင်သည် ပေါက်ခေါင်းမြို့ စိုက်ပျိုးရေးဦးစီးဌာန  မြို့မနည်းပညာပြန့်ပွားရေး စင်တာတွင် ကျင်းပပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှပေးအပ်သော ဓာတ်မြေဩဇာနှင့်ဝါမျိုး‌စေ့ထုတ် တောင်သူများအားဝါမျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်၍ တောင်သူများထံသို့ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနရုံးတွင် အိမ်ထောင်စုလူဦးရေ စာရင်းများအား eID စနစ်ဖြင့် ပုံစံ ၆၆/၆ များအား Software အသုံးပြု၍ DataBase များရေးသွင်းနေမှု အခြေအနေများ၊ ဘန့်ပြင်ကျေးရွာ‌ တောင်သူဦးနန်းဝင်း၏ မိုးနေကြာသီးနှံ ၁ ဒသမ ၅ ဧကစိုက်ခင်းနှင့် ညောင်ကုန်းကျေးရွာ တောင်သူဦးကျော်နိုင်၏ မိုးနေကြာ ၂ ဧကစိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများနှင့် အုတ်ပုံကျေးရွာ ဦးဇော်လင်းထွန်း၏ တိုင်ရင်းကြက်မွေးမြူထားရှိမှုနှင့် ဝက်တိုးကျေးရွာတွင် သုံးသီးစားစိုက်ပျိုးမည့် ကွင်းအမှတ်(၆၉၉)ရွှေပန်းတောကွင်း မြေနေရာသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း တောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်နှင့် လိုအပ်သည့်လုပ်ငန်းများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)