မြစ်ကြီးနားမြို့နယ် အခြေခံပညာအဆင့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အခြေခံပညာအဆင့်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေးနှင့်အတီးပြိုင်ပွဲတွင် ဆုရရှိသော ပြိုင်ပွဲဝင်ကျောင်းသား/ သူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း အေးမြသီတာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ကျင်းပခဲ့သည်။

ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျောင်းသား/ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေး

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်လှုပ်ရှားမှု ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျောင်းသား ၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉နာရီ ၃၀ မိနစ်တွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ဆောင်ရွက်ခဲ့သည်။

မင်းဘူးမြို့တွင် မြက်တံမြက်စည်း ပြုလုပ်ရောင်းချ၍ အဆင်ပြေ

မကွေးတိုင်းဒသကြီး၊ မင်းဘူးမြို့ ချမ်းသာကြီးရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် မြက်တံမြက်စည်း ပြုလုပ်၍ ဈေးကွက်အတွင်း ပြန်လည် ဖြန့်ဖြူး ရောင်းချခြင်းဖြင့် အဆင်ပြေလျက်ရှိကြကြောင်း သိရသည်။

ဒေးဒရဲမြို့၌ ကျေးလက်ဒေသမီးလင်းရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာများတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးလက်ဒေသ မီးလင်းရေး တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း မှော်ဘီကျေးရွာနှင့် လေးကျေးရွာတွင် ဆောင်ရွက်လျက်ရှိသော အသေးစားဆိုလာ လျှပ်စစ်စီမံကိန်း (Mini Grid) ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးကျော်စွာမြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း ဟင်္သာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ရှင်ဗွေယန်မြို့၌ ကျောင်းတွင်း အသင်းလိုက်မိုးရာသီ ဘောလုံးအားကစားပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင်း အသင်းလိုက်မိုးရာသီ ဘောလုံးအားကစားဖွင့်ပွဲကို ဩဂုတ်လ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီမှ စတင်၍ ​အမှတ်(၂)ရပ်ကွက် မြို့မ​ဘောလုံး အားကစားကွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည်။

စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး ပြည်သူများအား ထပ်ဆောင်းရာကာကွယ်ဆေး ဆက်လက်ထိုးနှံ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူ ပြည်သူများအား မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက် ၊ ဟံသာဝတီလမ်းရှိ အထက(၁)ကျောင်း ဝင်းအတွင်းတွင် ယနေ့​ နံနက်(၉)နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသူ (၂၀) ဦးနှင့် Booster Dose ထိုးနှံသူ (၈၀) ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံသူ (၁၀၀)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် ရုံးဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတာဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အမှတ်(၃)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး

မင်းဘူး(စကု)မြို့နယ်တွင်  မိုးဖြိုင်ဖြိုင်ရွာသွန်းမှုများကြောင့် နှံစားပြောင်းပင်များ ရှင်သန် ကြီးထွားလာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် နှံစားပြောင်း သီးနှံစိုက်ခင်းများ စိုက်ပျိုးထားသော်လည်း ဇွန်လနှင့် ဇူလိုင်လများ၌ မိုးရွာသွန်းမှု မရှိဘဲ မိုးခေါင်နေသောကြောင့် နှံစားပြောင်းပင်များမှာ အရောင်ဝါပြီး ကြုံလှီ ဖျော့တော့ကာ ဩဂုတ်လထဲ ရောက်ခါမှ လတ်တလော မိုးရွာသွန်းမှုများကြောင့် စိမ်းစိုလန်းဆန်းပြီး အပင်များ ဖွင့်ဖြိုးကြီးထွားလာကြောင်း မန်းကျိုးကျေးရွာ နှံစားပြောင်းစိုက် တောင်သူများထံမှ သိရသည်။
Subscribe to