ဟိုပုံး ဩဂုတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၃၅၀)သန်းဖြင့်ဆောင်ရွက်သည့် ဟိုပုံးမြို့ တောင်ရပ်ကွက်ရှိ နောင်ဘိုကန် ကျောက်ရိုးစီမြေကာနံရံတည်ဆောက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၃၅၀)သန်းဖြင့်ဆောင်ရွက်သည့် ကန်တာဘောင် အလျား(၂၆၀၀)ပေ မြေညှိ၊ ခြုံရှင်းခြင်းလုပ်ငန်းများ ကိုလည်းကောင်း၊ ကန်မြေကာနံရံ အလျား (၂၄၀၀ ပေ)၊ အမြင့်(၅)ပေ ကျောက်စီခြင်းလုပ်ငန်းများ ကိုလည်းကောင်း၊ ကန်ပတ်လည်တိုင်စိုက်ခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ကန်တာဘောင် ပတ်လည် အလျား(၂၄၀၀) ပေ၊ အကျယ်(၁၂)ပေ သဲလမ်းခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေအသုံးမှုများပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှသိရပြီး အဆိုပါနောင်ဘိုအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဇွန်လ(၃)ရက်နေ့မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)