ဇမ္ဗူသီရိမြို့နယ်၌ လောင်းကစားဥပဒေနှင့်ပတ်သက်၍ အသိပညာပေး  Talk Show ကျင်းပ

ဇမ္ဗူသီရိ ဩဂုတ် ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် (၁၀)နာရီက “ လောင်းကစားဥပဒေနှင့်ပတ်သက်၍အသိပညာပေး”Talk Show ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့် နေပြည်တော် တရားမျှတမှုစင်တာမှ တရားလွှတ်တော်ရှေ့နေ့ ဒေါ်ဝင့်ဝင့်အေး တို့က လောင်းကစား ကိရိယာများအကြောင်း၊ ဥပဒေအရသတ်မှတ်ထားသော လောင်းကစားများ အကြောင်း၊ အများပြည်သူဆိုင်ရာနေရာများတွင် လောင်းကစားပြုလုပ်ပါက အရေးယူ ခံရနိုင်သည့် ဥပဒေ ပုဒ်မများအကြောင်း၊ ၂ လုံးထီ၊ ၃ လုံးထီနှင့် ပတ်သက်သည့်  ပုဒ်မနှင့် ပြစ်မှု ပြစ်ဒဏ်များ အကြောင်းတို့အား ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် အကျယ်တဝင့် ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ အားကစားလှုပ်ရှားမှုများ စသည့်အကြောင်းအရာများကို ပြည်သူများ အသိပညာ၊ ဗဟုသုတ ရရှိစေရန် အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု TalK Show အပြည့်အစုံကိုလည်း We Love Zabuthiri Facebook Page တွင် တင်ဆက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)