မိတ္ထီလာမြို့နယ်၌  လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ ပျောက်ဆုံးမှုများ လျော့နည်းကျဆင်းရေး ဆောင်ရွက်

မိတ္ထီလာ သြဂုတ် ၁၁

မိတ္ထီလာမြို့နယ်အတွင်းရှိ ဓာတ်အားသုံးစွဲသုံးများ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ ပျောက်ဆုံးမှုများ လျော့နည်းကျဆင်းရေးအတွက် ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မိတ္ထီလာမြို့နယ်လျှပ်စစ်ရုံးမှ မြို့နယ်အတွင်းရှိဓာတ်အားသုံးစွဲသူများ လျှပ်စစ်ဓာတ်အား ပြည့်ဝပြီး စဉ်ဆက်မပြတ် ရရှိအသုံးပြုနိုင်ရေးနှင့်   ဓာတ်အားလိုင်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက် လျက်ရှိရာ မိတ္ထီလာမြို့နယ်လျှပ်စစ်ရုံးမှ လက်ထောက်မန်နေဂျာ ဦးရဲလင်းကိုကို(အင်ယာ)နှင့် ဝန်ထမ်းများက ၃၃ကေဗွီ သပြေဝ-ဝန်ဇင်း ဓာတ်အားလိုင်းအား လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ ပျောက်ဆုံးမှု လျော့နည်းရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ရပ်ကွက်/ကျေးရွာများတွင် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းအား ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)