မိုင်းရှူးမြို့နယ်တွင် ကလေးငယ်များအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်

မိုင်းရှူး သြဂုတ် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့ပေါ်ရှိ အသက်(၆)လမှ(၅)နှစ်အရွယ်ထိ ကလေးငယ်များအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်က‌လေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ အာဟာရဆေးတိုက်ကျွေးပေးရာတွင် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းခမ်းလီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများတို့က အသက်(၂)နှစ်မှအသက်(၅)နှစ်အထိ ကလေးငယ်များကို သံချဆေးများတိုက်ကျွေးပေးပြီး၊ အသက်(၆)လမှ (၂)နှစ်အရွယ်ထိ ကလေးငယ်များအားပေါင်ချိန်ခြင်း၊ အာဟာရပြည့်မပြည့် တိုင်းတာခြင်း၊ ဗီတာမင်(A)တိုက်ကျွေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို ဘီတာမင်(B1) ဆေးပြားများတိုက်ကျွေးခြင်းနှင့် ကြက်ဥများဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)