မလှိုင်မြို့၌  နံ့သာပန်းခင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ

မလှိုင်  ဩဂုတ် ၁၁

မလှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် နံ့သာပန်းခင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ  စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့  မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင်များ၊ Book Club အဖွဲ့ဝင် များနှင့် စာပေဝါသနာရှင်များတက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ  ဦးဇော်မင်းက စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပရခြင်းနှင့်ပတ်သက် ၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် တက်ရောက်လာသောစာပေဝါသနာရှင် Book Club အဖွဲ့ဝင်များက  စာရေး ဆရာ ကျော်ရင်မြင့်ရေးသားသည့် ဘဝဇာတ်ခုံ စာအုပ်ပါ အကြောင်းရာများနှင့် ပတ်သက်၍ အမြင်အမျိုးမျိုးဖြင့် သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)