ပုံပါကျင်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးရေလျှံမှုဖြစ်ပွား
ရှမ်းပြည်နယ် (အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ယမန်နေ့နံနက် ၆ နာရီအချိန်မှ စ၍ မိုးသည်းထန်စွာရွာသွန်းသဖြင့် (၇)နာရီအချိန်ခန့်တွင် ပုံပါကျင်မြို့၊အမှတ်(၄)ရပ်ကွက်ရှိနမ့်ဟူးချောင်းရေလျှံမှုကြောင့် ထိုရပ်ကွက်အတွင်းရှိ နေအိမ်များရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။