ချောင်းဆုံ သြဂုတ် ၁၃
ကျောင်းသား/သူများ ပြည်သူများ စားသုံးနေသည့် အစားအစာများ ဘေးဥပါဒ်ကင်းရှင်းစေရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှု အပေါ်အခွင့်အရေးရရှိစေရန် အတွက်ရည်ရွယ်ပြီး မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းပြီး ယမန်နေ့ နံနက်က ချောင်းဆုံမြို့နယ် သက္ကော(အ.ထ.က)နှင့် ဝယ်ကျိုက်(အ.မ.က)ကျောင်းတွင် စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်က ဦးစီးဌာန မျှော်မှန်းချက် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ စားသုံးသူများအနေနှင့် ကုန်စည် ဝန်ဆောင်မှုစနစ်အပေါ် နစ်နာဆုံးရှုံးလျှင်တိုင်ကြားနိုင်သည့် နည်းလမ်းတောင်းဆိုနိုင်သည့် အခွင့်အရေးအကြောင်း အရာများအား ဟောပြောပြီး ဆရာ/ဆရာမနှင့်ကျောင်းသား/သူများအား လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)