စလင်းမြို့နယ် တောစိမ့်တပ်နယ်အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်နံရံကပ်စာ​စောင်၊ ကလေးစာဖတ်ဝိုင်းကွင်းဆင်းဆောင်ရွက်

စလင်း  ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန် မြှင့်တင်ရန်နှင့် လူငယ်ရေးရာအကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်နံရံကပ်စာစောင်နှင့် ကလေးစာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က တောစိမ့်တပ်နယ်အခြေခံ ပညာ အထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ စလင်းမြို့နယ် တောစိမ့်တပ်နယ်အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိချောက အမှာစကား ပြောကြားပြီး မြို့နယ်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ  တာဝန်ခံ ဒေါ်ချောစုသက်က လူငယ်နှင့်အားကစား၊ လူငယ်နှင့်ခေါင်း ဆောင်မှုအကြောင်းကို လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်က နယ်လှည့် အသိပညာပေး လှုပ်ရှားဆောင်ရွက်မှု အခြေအနေများ၊ နေ့ထူးနေ့မြတ်များ၊  မူးယစ်ဆးဝါးအန္တရာယ်သိကောင်းစရာများ၊ စာဖတ် ခြင်း၏ အကျိုးကျေးဇူးများ ကျောင်းသား၊ကျောင်းသူများအား အသိပညာပေး ပြောကြားကာ ကျောင်းသား/သူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထွေထွေဗဟုသုတဆိုင်ရာ သိကောင်းစရာများကို မေးမြန်းပြီး မြို့နယ်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကျောင်း သား/သူများအတွက် ပိုက်ကျော်ခြင်း တစ်စုံနှင့် ဘောလီဘော တစ်လုံးတို့ကို ပေးအပ်ရာ ဆရာမဒေါ်အိအိချောက လက်ခံရယူခဲ့သည်။

ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကလေးကြိုက် ရုပ်ပြများ၊ ပုံပြင် စာအုပ်များ၊ တိုင်းရင်း သားရိုးရာပုံပြင်များ၊ တေဇရုပ်ပြစာအုပ်များ ဖြင့် ကလေးစာဖတ်ဝိုင်း ဆောင်ရွက်ကာပြသထားရှိသော   လူကုန်ကူးမှုတားဆီးကာကွယ် ရေးနံရံကပ်စာစောင်၊ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်အသိပညာပေးနံရံကပ် စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးမှတ်တမ်းဓါတ်ပုံများ၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက် မြက်ရေးဆိုင်ရာရုပ်ပြများကို ပြသဆောင်ရွက်ခဲ့ရာ ဆရာ၊ဆရာမများနှင့် ကျောင်း သားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)