အိမ်မဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရကျောင်းသား/သူ များအား ဆုများချီးမြှင့်ရန် လုပ်ငန်းညှိနှိုင်း အစည်းဝေးကျင်းပ

အိမ်မဲ သြဂုတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂  ပညာသင်နှစ်  တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရကျောင်းသား‌ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ဂုဏ်ထူးရအောင်သင်ကြား ပေးခဲ့ကြ သော ဆရာ/မ များအား  ဆုများချီးမြှင့်ရန် လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရွှေပြည်တန်ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဂုဏ်ပြုဆုချီးမြှင့်ရေးကော်မတီနာယက မြို့မိမြို့ဖ ဦးကျော်မြင့်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲဝင် ()Dr.သန်း‌ဌေးတို့က ဂုဏ်ပြုဆုချီးမြှင့်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ‌ဦးစီးကော်မတီ၊ ဆပ်ကော်မတီအသီးသီးတို့က ဆုချီးမြှင့်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးပူးပေါင်းဆောင်ရွက်ကြရန် အဖွင့် အမှာစကား အသီးသီးကပြောကြားခဲ့ကြသည်။

ဆက်လက်၍ ဂုဏ်ပြုဆုချီးမြှင့်ပွဲဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူးဒုမြို့နယ်ပညာရေးမှူး ဆရာကြီး ဦးအောင်မင်း၊ ဘဏ္ဍာငွေရှာဖွေရေးဆပ်ကော်မတီတွဲဖက်အတွင်းရေးမှူးဦးသိန်းအောင်၊ အခမ်းအနားပြင်ဆင်ရေး နှင့် မှတ်တမ်းတင်ရေးဆပ်ကော်မတီဥက္ကဋ္ဌ အမှုဆောင်အရာရှိဦးမျိုးဇော်၊ ဧည့်ခံဖျော်ဖြေရေးဆပ်ကော်မတီဥက္ကဌ ကျေးလတ်‌ ဒေဖွံ့ဖြိုး တိုးတက်ရေး‌ဦးစီးဌာန  ဦးစီးအရာရှိဦးစတင်မျိုးလွင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်တို့က ဂုဏ်ပြုဆု ချီးမြှင့်ပွဲကျင်းပနိုင်ရေး ကော်မတီအသီးသီးအလိုက် ပါဝင်ဆွေးနွေးခဲ့ကြသည်။

အိမ်မဲမြို့နယ်အနေဖြင့် အောင်ချက် ရာခိုင်နှုန်း ၅၀ ရာခိုင် နှုန်းကျော်ရှိကြောင်း တိုင်းဒေသကြီး အစီအစဉ်ဖြင့် (၄)ဘာသာဂုဏ်ထူးရှင် (၂၁) ဦးရှိ၍တစ်ဘာသာကို (၅၀၀၀၀)ကျပ်နှုန်းဖြင့် (၂၀၀၀၀၀) ကျပ် ချီးမြှင့်မည် ဖြစ်ကြောင်း၊ မြို့နယ်အစီအစဉ်ဖြင့် (၃)ဘာသာဂုဏ်ထူးရှင် (၁၅၇)ဦး၊()ဘာသာဂုဏ်ထူးရှင် (၉၅)ဦး (၁)ဘာသာဂုဏ်ထူးရှင် (၁၆၈)ဦး အား (၁)ဘာသာ (၁၀၀၀၀)ကျပ်နှုန်းဖြင့် ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း၊ အောင်ချက်အကောင်ဆုံးကျောင်းများအား အထကကျောင်း၊ အထက-ခွဲ ကျောင်းခွဲခြား၍ချီးမြှင့်သွားမည်ဖြစ်ပြီး၊ ဂုဏ်ထူးရအောင်သင်ကြားပေးခဲ့သည့်ဆရာ၊ဆရာမ (၉၃)ဦးတို့အား ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၀ ရက်နေ့ အထက(၂)ပညာ့ဗိမာန်ခန်းမတွင် ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဌေးဌေးလှိုင်