မိတ္ထီလာ သြဂုတ် ၁၃
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် လက်ထောက်ကြီးကြပ်ရေးမှူး ရထားထိန်း (အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်းအမှာ စကားပြောကြားခဲ့ပြီး ၎င်းသင်တန်းတွင် ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့သည်။ ၎င်းနောက် ညွှန်ကြားရေးမှူး ဦးအောင်မျိုးကျော်က သင်တန်းသားသင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးခဲ့ပြီး ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက သင်တန်းသူသင်တန်း သားများ လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ဗဟိုပို့ဆောင် ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)