မိုင်းပျဉ်း သြဂုတ် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်နှင့်ခေါင် ဆောင်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီက အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လူငယ်နှင့်ခေါင်းဆောင် အကြောင်းအသိပညာပေးဟောပြောပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးအောင်မျိုးသူက လူငယ်များသည် အနာဂတ်၏ ခေါင်းဆောင်များဖြစ်သည့်အတွက် ကျန်းမာသန်စွမ်းထက်မြတ်ပြီး၊ အသိပညာဗဟုသုတနှင့်ပြည့်စုံကြွယ်ဝသောခေါင်းဆောင် ကောင်းများပေါ်ထွန်းလာစေရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက ခေါင်းဆောင်တစ်ဦးတွင် ရှိရမည့်အရည်အချင်းများ၊ လူငယ်များ ရည်မှန်းချက်ကိုယ်စီထားရှိရေး၊ စည်းကမ်းသည်လူ၏ တန်ဖိုး စသည့်ခေါင်းစဉ်များဖြင့် လည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြသည်။
အဆိုပါ လူငယ်နှင့်ခေါင်းဆောင်အကြောင်း အသိပညာပေးဟောပြောပွဲအပြီးတွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်းနှင့် ဟောပြော ပွဲသို့ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
နန်းသန္တာဦး(ပြန်/ဆက်)