နတ်တလင်း ဩဂုတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်လျက်ရှိသော အိမ်ထောင်စုလူဦးရေစာရင်းမှတ်ပုံတင်ခြင်းစနစ်ပုံစံ (၆၆/၆)များ e-lDဆော့ဖ်ဝဲရိုက်သွင်း ခြင်းဆောင်ရွက်မှုလုပ်ငန်းလျာထားချက် ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်းမှတ်ပုံတင်ခြင်းစနစ်ပုံစံ(၆၆/၆)များ e-lD ဆော့ဖ်ဝဲရိုက်သွင်းခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နတ်တလင်းမြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်း များ၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ကွန်ပျူတာအလုံး (၃၀)ဖြင့် ဇူလိုင်၁၈နေ့မှ စတင်ဆောင်ရွက်လျက်ရှိပြီး တစ်မြို့နယ်လုံးအနေဖြင့် စာရင်းဖြည့် သွင်းရမည့် လျာထားအိမ်ထောင်စုပေါင်း(၄၆၉၃၆)စုကို သြဂုတ်၁၂ရက်နေ့တွင် ရာခိုင်နှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နတ်တ လင်း မြို့နယ်ဦးစီးမှူးဦးအောင်သူထံမှ သိရသည်။
ဝေယံဖြိုး