အိမ်မဲမြို့နယ် အ-ထ-က (၂)ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကျင်းပ
ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ကျောင်းကျန်းမာရေးအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေးနှင့် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အ-ထ-က (၂)ကျောင်း ပညာ့ဗိမာန် ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။