ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

ဟိုပုံး  ဩဂုတ် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကုန်းကျိုင်းကျေးရွာအုပ်စု ကောင်ငင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ကြီးဦးတင်ဆန်းနှင့် ဝန်ထမ်းများ၊ ပေါင်လင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်စိုးရီနှင့်တာဝန်ရှိသူများက မြို့နယ်အတွင်းသစ်တော မြေတိုးချဲ့ဖွဲ့စည်းနိုင်ရေးအတွက်  ကောင်ငင်းကျေးရွာအနီးရှိ သဘာဝတော ဧရိယာ (၂၀၀၀)ဧက ခန့်အား သစ်တောဥပဒေပုပ်မ(၄)နှင့် သစ်တောဥပဒေပုပ်မ(၆)တို့အရ ကြိုးပြင် ကာကွယ်သော သတ်မှတ်ရရှိပါကြောင်း သစ်တောမြေဖြစ်ပြီး လျှင်ကောင်တန်ကျေးရွာ၊ ဝမ်အွန်ကျေးရွာ၊ ကျောင်းနား ကျေးရွာ၊ ဝမ်ကန်ကျေးရွာ၊ ကောင်ငင်းကျေးရွာ စုစုပေါင်း ကျေးရွာ(၅)ရွာတို့တွင် အစဉ်အဆက် ထိန်းသိမ်း ခဲ့သော ဧရိယာ(၁၀၀၀)ဧကခန့်အား ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောအဖြစ်လွှဲအပ်၍ ဆက်လက်ထိန်းသိမ်းခွင့်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများမှ သစ်တောဦးစီးဌာနနှင့် ပူး ပေါင်းကူညီဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)