မကွေး ဩဂုတ် ၁၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် နိုင်ငံခြားသားမှတ်ပုံတင်ခြင်းနှင့် အခွန်ဆောင်ပျက်ကွက်ဖော်ထုတ်ခြင်း သင်တန်းအခမ်းအနားကို ယမန်နေ့နံနက်၉ နာရီအချိန်က ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က အမှာစကား ပြောကြားရာ မိမိတို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများ လူမှုဘဝပြည့်စုံစေရန် ကိုင်ဆောင်သင့် ကိုင်ဆောင်ထိုက်သည့်ကတ်ပြား တစ်မျိုးမျိုးရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ် ရေးကတ်များအား တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာများအထိ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံခြားသားမှတ်ပုံတင်ခြင်းနှင့် အခွန်ဆောင် ပျက်ကွက်ဖော်ထုတ်ခြင်း သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊ အိမ်ထောင်စု လူဦးရေစာရင်း (၆၆/၆) များအား Software Program ထည့်သွင်းဆောင်ရွက်နေမှုအခြေအနေများနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ပူးပေါင်းဆောင်ရွက်ရန်လိုအပ် ကြောင်း ရှင်းလင်းပြော ကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြ မင်းဘူးခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်းမှ နိုင်ငံ ခြားသားမှတ်ပုံတင်ခြင်းဆိုင်ရာများအား ရှင်းလင်းပို့ချသင်တန်းပေးခဲ့ရာ သင်တန်းသို့ သရက် ခရိုင်၊ အောင်လံခရိုင်၊ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်များမှ Zoom Meeting ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုအောင်