ကျောက်ဆည်မြို့နယ်တွင် တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (၂၂၈၉၃)ဦး ထိုးနှံပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ် နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦး ကူးစက်မှုလျော့နည်းစေရေးအတွက် ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယ အကြိမ် ထပ်ဆောင်းကာကွယ်ဆေးများ စဉ်ဆက်မပြတ် ထိုးနှံပေး လျက်ရှိရာ ယနေ့ နံနက်(၉)နာရီခွဲတွင် တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (၂၂၈၉၃)ဦး ထိုးနှံပေးပြီး ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရ သည်။

သာစည်မြို့ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် ၎င်းတို့၏ မျိုးစိတ်အသစ် BA-4 နှင့် BA-5 အသစ်များ ကြိုတင်ကာကွယ်ရေး  မြို့ပေါ်လူစည်ကားရာ နေရာများနှင့် ကျေးရွာများတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆင်ပေါင်ဝဲ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ က လက်ပန်ငူကျေးရွာအုပ်စု၊ လက်ပန်ငူကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ရွှေဘုံသာ မူလတန်းကျောင်း၌ ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် ကျန်းမာရေးစစ်ဆေး ခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက်(၉)နာရီကက အခြေခံပညာ မူလတန်းရွှေဘုံသာကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

သရက်မြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံမည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံမည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်သည်။       

မင်းတုန်းမြို့နယ်တွင် ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ထုတ်စိုက်ခင်း စတင်ရိတ်သိမ်း

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံနေကြာကို ၂၀၂၂ ခုနှစ်၊ မိုးရာသီတွင် သီးညှပ်၊ သီးသန့်စနစ်ဖြင့် စိုက်ပျိုးခဲ့ပြီး ယမန်နေ့ ညနေ ၃ နာရီက မိုးကောင်း ကျေးရွာရှိ ဆင်းရွှေကြာ-၂ သီးသန့်မျိုးစေ့ထုတ် နေကြာခင်းအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ ကွင်းဆင်း၍ တောင်သူများအတူ မျိုးစေ့ထုတ် နေကြာခင်း တစ်ဧက စတင်ရိတ်သိမ်းရာ အစိုအထွက်နှုန်း (၃၃.၈)တင်းရှိကြောင်း သိရသည်။

မှော်ဘီမြို့နယ်၌ မိုးရာသီအခြေခံ ဘောလုံး၊ ရိုးရာခြင်းလုံး၊ အေးရိုးဗစ်သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံ့ရိုးရာခြင်းလုံးအဖွဲ့ချုပ်နှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မိုးရာသီအခြေခံဘောလုံး၊ ရိုးရာခြင်းလုံး၊ အေရိုးဗစ် သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ အချိန်က အမှတ်-၂ အခြေခံပညာ အထက်တန်းကျောင်း ရွှေရတု ခန်းမ၌ ကျင်းပခဲ့သည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ရှမ်းပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို၌  မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ မုန်တိုင်းဘေးတုံ့ပြန်ရေးဆိုင်ရာ Table-Top Exercise ဆွေးနွေးပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏မုန်တိုင်းဘေးတုံ့ပြန်ရေးဆိုင်ရာ Table-Top Exercise ဆွေးနွေးပွဲပြုလုပ်ခြင်းကို ယနေ့နေ့လည် ၂ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ 

ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အသင့်စုဖွဲ့ထားရှိ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ် စခန်းဝန်းအတွင်း၌ ညောင်ဦးမြို့နယ်အတွင်း အသင့်စုဖွဲ့ထားရှိသော ရှာဖွေကယ်ဆယ်ရေး တပ်စုအင်အား (၃၅)ဦးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆိုင်ရာ စုဖွဲ့လေ့ကျင့်မှုများအား ယမန်နေ့ နံနက် ၁၁ နာရီအချိန်က လေ့ကျင့်ဆောင်ရွက်စု ဖွဲ့ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။
Subscribe to