ကျောက်ဆည် ဩဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ် နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦး ကူးစက်မှုလျော့နည်းစေရေးအတွက် ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယ အကြိမ် ထပ်ဆောင်းကာကွယ်ဆေးများ စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီခွဲတွင် တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (၂၂၈၉၃)ဦး ထိုးနှံပေးပြီး ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရ သည်။
ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် အညီ စုကြီးထန်းတောရပ်ကွက် မြို့တော်ခန်းမနှင့် သံရွာ၊ မင်းစု၊ စမာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာ၊ ဒွေးလှ ကျေးလက် ကျန်းမာရေးဌာနခွဲ ဆေးရုံများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ၌ ပထမအကြိမ်တွင် (၂၀၇၂၆၂)ဦး၊ ဒုတိယအကြိမ်တွင် (၁၈၅၇၇၅)ဦးနှင့် တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးအဖြစ် (၂၂၈၉၃)ဦး စုစုပေါင်း (၄၁၅၉၃၀)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ပြည်သူများ ကာကွယ်ဆေးထိုးရန် ကျန်ရှိမှုမရှိရေး အသိပေးနှိုးဆော် ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)