မိုင်းပျဉ်းမြို့နယ်တွင် မြေပြိုကျမှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ယမန်နေ့နံနက် ၆ နာရီက မိုင်းပျဉ်းမြို့နယ်မှ ၅၀၃ km နှင့် ၅၀၄ km အကြား ယမ်းမိုင်ကျေးရွာအုပ်စုအတွင်း သစ်ပင်လဲကျပိတ်ဆို့ခဲ့ခြင်းကြောင့်လည်းကောင်း၊ မိုင်းပျဉ်းမြို့မှ ၁၆ မိုင်ခန့်အကွာ မိုင်တိုင်အမှတ် ၅၀၈ km နှင့် ၅၀၉ km အကြား တောင်ကြီး−မိုင်းပျဉ်း−ကျိုင်းတုံသွား ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် ပေ(၁၀၀)ခန့် မြေပြိုကျမှုဖြစ်ပွားခြင်းကြောင့်လည်းကောင်း ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။  

“စုန်ဆန်စီးမျောစာပေတော” စာပေစကားဝိုင်းသံတွဲ၌ကျင်းပ

သံတွဲမြို့နယ် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)မှ ဦးဆောင်ကျင်းပသည့် “စုန်ဆန်စီးမျော စာပေတော”(၃၃)ကြိမ်မြောက် စာပေစကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှ တိုက်ပွဲရှောင်ပြည်သူများအား ကူညီ ထောက်ပံ့ နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲနှင့် ရုံတွင်း (In Door) အားကစားပြိုင်ပွဲများ ဖွင့်ပွဲသို့တက်ရောက်

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှ တိုက်ပွဲရှောင်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးနှင့် ပြန်လည်နေရာ ချထားရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် သည်။

သနပ်ပင်မြို့နယ် မကြက်စု(အ.လ.က.)ကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာတို့ ပူးပေါင်း၍ လူကုန်းကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မကြက်စု အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကချင်ပြည်နယ်အတွက် မတည်ပေးသည့်ကျပ် ၈ ဘီလီယံအား ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေမှ ပြည်နယ်စီးပွားရေးမြှင့်တင်ရေးအတွက် လွှဲပြောင်းမတည်ပေးအပ်ခဲ့သည့် ကျပ် ၈ ဘီလီယံအား ပြည်နယ်စီးပွားရေးမြှင့်တင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း ၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြု လုပ်သည်။

ညောင်တုန်းမြို့နယ်၊ ကြိမ်ပင်ဆယ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကြိမ်ပင်ဆယ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မြောင်းမြမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အမှတ်(၈၁)ယဉ်ထိန်းတပ်ဖွဲ့စု၊(မြောင်းမြ)က ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို အ.ထ.က(၁)ပညာရတနာခန်းမတွင် ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့နယ်၊ ထောက်ရှာရိုးကျေးရွာတွင် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးပညာပေး သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာအုပ်စု၊ ထောက်ရှာရိုးကျေးရွာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးပညာပေးသင်တန်းကို ဖွင့်လှစ်ခဲ့သည်။
Subscribe to