ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အားကစားကွင်းရှိ ဘက်စုံသုံးအာကစားခန်းမ၌ ၂၀၂၂ ခုနှစ်၊ မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီမှ ကျင်းပသော ဌာနဆိုင်ရာနှင့် ပရဟိတအသင်းများ ချစ်ကြည်ရေး ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။