မင်းတုန်းမြို့နယ်တွင် ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ထုတ်စိုက်ခင်း စတင်ရိတ်သိမ်း

မင်းတုန်း ဩဂုတ် ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံနေကြာကို ၂၀၂၂ ခုနှစ်၊ မိုးရာသီတွင် သီးညှပ်၊ သီးသန့်နစ်ဖြင့် စိုက်ပျိုးခဲ့ပြီး ယမန်နေ့ ညနေ ၃ နာရီက မိုးကောင်း ကျေးရွာရှိ ဆင်းရွှေကြာ-၂ သီးသန့်မျိုးစေ့ထုတ် နေကြာခင်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ ကွင်းဆင်း၍ တောင်သူများအတူ မျိုးစေ့ထုတ် နေကြာခင်း တစ်ဧက စတင်ရိတ်သိမ်းရာ အစိုအထွက်နှုန်း (၃၃.)တင်းရှိကြောင်း သိရသည်။

အဆိုပါ မျိုးစေ့ထုတ်စိုက်ခင်းမှ ထွက်ရှိသော ဆင်းရွှေကြာ-၂ နေကြာမျိုးများကို ဆောင်းသီးနှံ နေကြာစိုက် ပျိုးမည့် တောင်သူများထံသို့ ပြန်လည်ဖြန်ဝေသွားမည်ဖြစ်ပြီး ဆောင်ရာသီတွင်လည်း ဆီထွက်သီးနှံနေကြာကို သီးသန့်၊ သီးညှပ်စနစ်ဖြစ် တောင်သူများမှ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)