မှော်ဘီမြို့နယ်၌ မိုးရာသီအခြေခံ ဘောလုံး၊ ရိုးရာခြင်းလုံး၊ အေးရိုးဗစ်သင်တန်းဆင်းပွဲကျင်းပ

မှော်ဘီ ဩဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံ့ရိုးရာခြင်းလုံးအဖွဲ့ချုပ်နှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မိုးရာသီအခြေခံဘောလုံး၊ ရိုးရာခြင်းလုံး၊ အေရိုးဗစ် သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ အချိန်က အမှတ်-၂ အခြေခံပညာ အထက်တန်းကျောင်း ရွှေရတု ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အ.ထ.က(၂) ဘင်ခရာ ကျောင်းသား၊ ကျောင်းသူများက တီးခတ်ပြီး နိုင်ငံတော် အလံအားအလေးပြု၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ထို့နောက်မြန်မာနိုင်ငံ ရိုးရာ ခြင်းလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးဝင်းတင်ကိုမှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဆင်း လက်မှတ်များပေးအပ်ခြင်း၊ သင်တန်းနည်းပြ များအား ထောက်ပံငွေပေးအပ်ခြင်း၊ ရိုးရာခြင်း လုံးသရုပ်ပြခြင်း၊ ကျား/မအုပ်စု ကဗျာလွတ်အကဖြင့် ဖျော်ဖြေ ခြင်း၊ အေးရိုးဗစ်အကဖြင့် သရုပ်ပြသခြင်းနှင့် Myanmar Fitness Dance ဖြင့် သရုပ်ပြခဲ့ကြောင်း သိရသည်။

ကောင်းမြတ်သူ(ပြန်/ဆက်)