ဖြူးမြိူ့နယ်၌ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးစေရေး အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ပြင်ပဗဟုသုတများတိုးစေရေးအတွက် အသိပညာပေးဟောပြောခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့မ(၁)အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် တပ်တွင်းအလက(ခွဲ) ကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ကျန်းမာရေးဦးစီဌာနအနေဖြင့် အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက မိခင်နှင့်ကလေးစောင့်ရှောက်ရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားရေးဆွေးနွေးပွဲနှင့် နည်းပညာပေးလက်တွေ့သရုပ်ပြသပေးခြင်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်ဌာနဆိုင်ရာအဖွဲ့များမှ ဩဂုတ်လ ၁၂ က ငှက်ပျောတောကျေးရွာသို့ ကွင်းဆင်း၍ နည်းပညာပေးဆွေးနွေးပွဲနှင့်‌ တောင်သူများအတွက်အသုံးဝင်မည့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းနှင့် အခြားစိုက်ပျိုးနည်း၊ ဆပ်ပြာဆီချက်လုပ်နည်းများကို သက်ဆိုင်ရာဌာနဆိုင်ရာများက နည်းပညာပေး သရုပ်ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                                                                  

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk  Show ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင်ရုံးနှင့် စားသုံးရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ် ရေးဆိုင်ရာသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk  Show ကို

ဟင်္သာတမြို့နယ်တွင် စားသုံးပြည်သူများအတွက် ရည်ညွှန်းစျေးဖြင့် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် စားသုံးသူပြည်သူများအတွက် အဖိုးနှူန်းသက်သာစွာဖြင့် စားအုံးဆီများကို ယနေ့နံနက် ၁၀ နာရီက စတင်၍ ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဘတ်စကတ်ဘောကွင်းတွင် ရောင်းချပေးလျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို( ၂၀၂၂ - ၂၀၂၃ )ပညာသင်နှစ် တိုင်းဒေသကြီး ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်

(၂၀၂၂-၂၀၂၃ )ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီး ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကိုယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပခဲ့သည်။

မိုင်းရှူးမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် စာငှားသူ၊ စာဖတ်သူများနှင့် စည်ကား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူကိုဗဟိုပြု၍ စာအုပ်စာ‌စောင်များငှားရမ်းပေးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် စာအုပ်ငှားရမ်းသူ၊ စာဖတ်သူနှင့် ကစားစရာများ လာရောက်‌ကစားသူ စည်ကားလျက်ရှိသည်။

အမာမြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် မူလတန်းအဆင့် ကျောင်းသား၊‌ ကျောင်းသူများအား အာဟာရတိုက်ကျွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား နို့ဆန်ပြုတ်အာဟာရများ တိုက်ကျွေးခြင်းကို ယနေ့နေ့လည် ၁၂ နာရီက စတင်တိုက်ကျွေး ခဲ့ကြောင်းသိရသည်။

ဝိုင်းမော်မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက် ၁၆ နှစ်အောက် အမျိုးသား/သမီး ဘောလုံးပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက်၁၆ နှစ်အောက် အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို
Subscribe to