ပခုက္ကူမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်များ၏ ဗလငါးတန်မြှင့်တင်ပေးနိုင်ရေးအတွက် စာပေစကားဝိုင်း ကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူလူငယ်များ၏ ဗလငါးတန်မြှင့်တင်ပေးနိုင်ရေး၊ စာဖတ်ရှိန်မြင့်မားလာစေရေးတို့အတွက် ယမန်နေ့ မွန်းလွဲ၁နာရီအချိန်က  စာပေစကားဝိုင်း ကျင်းပပြုလုပ်သည်။

တောင်တွင်းကြီးမြို့၌ ကြက်သွန်စိုက်တောင်သူများနှင့် မိသားစုဝင်များအား စားသုံးဆီတစ်ပိဿာ (၄၂၀၀)နှုန်းဖြင့် ဈေးနှုန်းသက်သာစွာရောင်းချ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၌ ကြက်သွန်စိုက်တောင်သူများနှင့် မိသားစုဝင်များ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း Six Winner Brothers Co,Ltd ၏ ပံ့ပိုးမူဖြင့် ဦးသန်း‌ရွှေ (ခ) ဦးပြူးနှင့်သမီးများ ကြက်သွန်ပွဲရုံမှ လူတစ်ဦးလျှင် ဆီ(၁)ပိဿာ (၄၂၀၀/-) ကျပ်နှုန်းဖြင့် ကျောင်းကုန်းကျေးရွာ၊ ရွှေယမင်းဆီဆိုင်တွင် ယနေ့နံနက်(၈)နာရီက ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု ပြုလုပ်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ မြို့သစ်အခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်အရ ကျန်းမာရေး စစ်ဆေးပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ဗန်းမော်မြို့တွင် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း၌ သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက်ဖြစ်ပွား လာတတ်သော ဘေးအန္တရာယ်များဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရန် ရည်ရွယ်၍ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက ဗန်းမော်ခရိုင် မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေး မပျက်မကွက်ထိုးနှံရေး အသိပညာပေးနှိုးဆော်မှုဆောင်ရွက်

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးနှင့်ကာကွယ်ဆေးများ မပျက်မကွက် သွားရောက်ထိုးနှံကြရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ဘီးလင်းမြို့ပေါ်ရပ်ကွက်များ၌ လက်ကိုင်အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာ ဓမ္မရိပ်သာ ဝါတွင်းကာလ အထူးတရားစခန်း ဒုတိယနေ့တွင် အလှူရှင်များမှလှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာ ဓမ္မရိပ်သာ ဝါတွင်းကာလ အထူးတရားစခန်းဖွင့်ပွဲကို ဩဂုတ်လ ၁၂ရက် ညနေပိုင်းက စတင်ဖွင့်လှစ်ခဲ့ပြီး

သီပေါမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ဌာနဆိုင်ရာများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပြီးသည့် ပြည်သူများအား စတုတ္ထအကြိမ်မြောက် ပြန်လည်ထိုးနှံ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပြီးဖြစ်သည့် ပြည်သူများကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးတွင် စတုတ္ထအကြိမ်မြောက် ပြန်လည်ထိုးနှံပေးလျက်ရှိသည်။
Subscribe to