လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့ရှိ အမှတ်(၈၈) စက်မှုလယ်ယာစခန်း၌ ဖွင့်လှစ်မည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်က သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ လယ်ယာသုံးစက်ကိရိယာ အရောင်းပြခန်း၌ ကျင်းပပြုလုပ်သည်။

မိန်းမလှကျွန်း တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောမှ ဒီရေတောများ ပြန်လည်ရှင်သန်စေရေး ဒေသခံများ ပူးပေါင်းပါဝင်ရန်လိုအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ မိန်းမလှကျွန်း‌တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောသည် ၁၉၉၃ ခုနှစ် ဇန်နဝါရီ(၅)ရက်နေ့တွင် သစ်တောဝန်ကြီးဌာနမှ ဘေးမဲ့တောအဖြစ် စတင် သတ်မှတ်ပြဌာန်းခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် လည်းကောင်း စာရင်းသွင်း သတ်မှတ်ခံခဲ့ရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး အမှတ်(၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှ ဦးဆောင်ကာ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ကန့်ဘလူမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ယ‌နေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရေကြီးနစ်မြုပ်မှုကြောင့် မျောပါသွားသော နမ်စန်-မိုးနဲ-မိုင်းပန်-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်းမပေါ်ရှိတံတား ပြန်လည်ပြုပြင်တည်ဆောက်

​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊မိုင်းပန်မြို့နယ်တွင် ဩဂုတ်လ ၁၂ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့်နမ်စန်-မိုးနဲ-မိုင်းပန်-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ

ကျိုက်မရောမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရေပြင်အသက် ကယ်နည်းလက်တွေ့ သရုပ်ပြပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ကြက်​ခြေနီအသင်းတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရေပြင်အသက်ကယ်နည်း လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကလိုင်းကနိုင်ကျေးရွာ ကျောက်တောင် လမ်းဟောင်း ရေနက်ကွင်း၌ ပြုလုပ်ခဲ့ကြသည်။

သိန္နီမြို့တွင် ကျောင်းသား/ကျောင်းသူ (၁၀၀၀)ကျော်အား ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် သန်ချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကျောင်းသား/ကျောင်းသူများ  ကျန်းမာသန်စွမ်းစေရန်အတွက် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် သန်ချဆေးတိုက်ကျွေးခြင်းများကို

မိုင်းဆတ်မြို့၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်အဆင့် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းကို အ.ထ.က(မိုင်းဆတ်) မြတ်ပညာခန်းမတွင် ယနေ့နံနက် (၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒါးပိန်တောင်ကျေးရွာအုပ်စုတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၊ ဒါးပိန်တောင်ကျေးရွာအုပ်စုတွင် မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယနေ့နံနက် (၈) နာရီက ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့များတို့က ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to