မြောက်ဥက္ကလာပမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် အမှတ် ၃၅ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ ဆောင်ရွက်မှုရှိစေရန် ရည်ရွယ်၍ဟောပြောပွဲနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉) နာရီအချိန်က အမှတ် (၁၁)ရပ်ကွက်ရွှေပေါက်ကံ ပုဂံလမ်းမကြီးတွင်ရှိသော YBS (၁၉) ဂိတ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့် ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။