ဘီးလင်းမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေး မပျက်မကွက်ထိုးနှံရေး အသိပညာပေးနှိုးဆော်မှုဆောင်ရွက်

ဘီးလင်း သြဂုတ် ၁၅

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးနှင့်ကာကွယ်ဆေးများ မပျက်မကွက် သွားရောက်ထိုးနှံကြရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ဘီးလင်းမြို့ပေါ်ရပ်ကွက်များ၌ လက်ကိုင်အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

အသိပညာပေးနိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိအိမ်တွင်နေထိုင်ရေး၊ မိမိ‌နေအိမ်ပြင်ပထွက်ခွာရပါက  Mask ကို စနစ်တကျ တပ်ဆင်‌ပြီး  လူစုလူဝေးနေရာများကို ရှောင်ကြဉ်ရေး‌၊ လက်ကိုမကြာခဏဆေးကြော‌ရေး၊ အပြင်မှပြန်လာတိုင်း Mask ကို စနစ်တကျစွန့်ပစ်ပြီး အဝတ်မလဲမီ၊ ကိုယ်လက်သန့်စင်ခြင်းမပြု လုပ်မီ၊ အိမ်သားများနှင့် အနီးကပ်မထိတွေ့‌စေရေး‌၊ ရောဂါကူးစက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဆောင်ရန်/ ရှောင်ရန်အချက်များကို လိုက်နာခြင်း၊ ကာကွယ်ဆေးမပျက်မကွက် သွားရောက်ထိုးနှံခြင်းတို့ဖြင့် ပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေရေး စသည်တို့ကိုလိုက်လံ နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ထူးနောင် ဘီးလင်း (ပြန်/ဆက်)