ကျောင်းကုန်းမြို့၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု ပြုလုပ်ပေးလျက်ရှိ

ကျောင်းကုန်း ဩဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ မြို့သစ်အခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်အရ ကျန်းမာရေး စစ်ဆေးပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ဆေးရုံမှ သွားဆရာဝန် ‌ဒေါက်တာဇင်ဇေယျာခန့်မှ ကလေးငယ်များ၏ သွားကျန်းမာရေးအား စစ်ဆေးပေးခြင်း၊ ကျန်းမာရေးမှူး ဦးလှိုင်စိုး အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်အေမီမိုး၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဒေါ်သီတာညိမ်းနှင့် ဒေါ်အေးအေးခိုင်တို့သည် ကလေးငယ်များ၏ အထွေထွေကျန်းမာရေး  စစ်ဆေးပေးခြင်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေး ပညာပေးခြင်း တို့‌ပြု‌လုပ်ပေးနေရာသို့ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်နှင့်အဖွဲ့က ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ကြပြီး၊ မြို့သစ်အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသားကျောင်းသူ(၈၀)ဦးအား ကျန်းမာရေးစစ်ဆေးပေးကာ ကျန်းမာရေး အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)