မော်လမြိုင်ကျွန်းမြို့နယ်တွင် တရားမဝင်တင်သွင်းလာသော ပုဇွန်နှစ်ကောင်အမှတ်တံဆိပ် စားဆီဘူးများ ရောင်းချမှုရှိ/မရှိ လိုက်လံစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့မှ မြို့နယ်အတွင်းသို့ တရားမဝင်တင်သွင်းလာသည့် ပုဇွန်နှစ်ကောင် အမှတ်တံဆိပ်စားဆီဘူးများ ရောင်းချမှုရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့ပေါ်ရပ်ကွက် များနှင့် ဈေးများရှိ လက်လီလက်ကားကုန်စုံဆိုင်များ၌ ဆောင်ရွက်သည်။

စဉ့်ကိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စာပေဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများရရှိစေပြီး အမှား၊ အမှန်၊ ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ပြည်သူများ လက်ဝယ်အရောက် ငှားရမ်းပေးလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဒေါ်စန္ဒာအေးအောင်(ဒုတိယဦးစီးမှူး)နှင့် ဒေါ်နှင်းအိအိခိုင် (စာကြည့်တိုက်လက်ထောက်-၃)တို့က ယနေ့မွန်းလွဲ (၁)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင်  နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလောမြို့နယ်၌ စာပေချစ်သူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း Book Club အဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အမှတ်(၂၇၇)၂၀၂၂ ခုနှစ်၊ မေလထုတ် နိုင်ငံ့ဂုဏ်ရည် မဂ္ဂဇင်းစာအုပ်မှစာရေးဆရာ အောင်ချစ်(ဟဲဟိုး)ရေးသားသည့် လေးနက်စွာတွေးတို့အရေး ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချလျက်ရှိသော စက်သုံးဆီရောင်းဝယ်ရေးဆိုင်များကို ယနေ့နံနက် ၁၀ နာရီအချိန်က၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးညီညီထွန်း၊ ညောင်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးတင်မျိုးခိုင်၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူနှင့် တာဝန်ရှိသူများ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ်တွင်  အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်(၁၀)နာရီခွဲချိန်က ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါသည်။

မိုးနဲမြို့နယ်၌ ရာသီပေါ်နှင်းသီးများ စတင်ခူးဆွတ်‌ရောင်းချနေရပြီး ဈေးကောင်းရ၍ စိုက်ပျိုးသူတောင်သူများ အဆင်ပြေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၌ ရာသီပေါ်နှင်းသီးများ စတင်ခူးဆွတ်ရောင်းချနေရပြီး ဈေးကောင်းရရှိသဖြင့် စိုက်ပျိုးသူတောင်သူများ အဆင်ပြေလျက်ရှိကြောင်း နာဟောင်ရပ်ကွက်နေ နှင်းသီးပင်များစိုက်ပျိုးသူ တောင်သူစိုင်းမြင့်ထွန်းက ပြောကြားခဲ့သည်။

စဉ့်ကူးမြို့တွင် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား၊ ကျောင်းသူများ၏ လေ့ကျင့်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေး

၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ခရိုင်အဆင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများ၏ လေ့ကျင့်ဖျော်ဖြေပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွမ်ပရာဘွမ်မြို့ လူထုအခြေပြုဗဟိုဌာန၌ စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြေခံပညာ မူလတန်းကျောင်းသား၊ ကျောင်သူများ ဉာဏ်ရည်ထက်မြက် လာစေရန်အတွက် စိတ်ကြိုက်ပန်းချီ ဆွဲပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပသည်။

ကျွန်းစုမြို့တွင် ပညာရေးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များအား စတုတ္ထအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး( Second Booster Does) ထိုးနှံ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပညာရေးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းက မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ စတုတ္ထအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( Second Booster Does) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကျင်းပပြုလုပ်သည့် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားအထောက်အကူပြုပစ္စည်းများ  ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အထက(မိုင်းဖြတ်)၊ အထက(ဟိုနား)နှင့် အလက(ခွဲ)၂၂၁ ကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to