တောင်တွင်းကြီး ဩဂုတ် ၁၅
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၌ ကြက်သွန်စိုက်တောင်သူများနှင့် မိသားစုဝင်များ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း Six Winner Brothers Co,Ltd ၏ ပံ့ပိုးမူဖြင့် ဦးသန်းရွှေ (ခ) ဦးပြူးနှင့်သမီးများ ကြက်သွန်ပွဲရုံမှ လူတစ်ဦးလျှင် ဆီ(၁)ပိဿာ (၄၂၀၀/-) ကျပ်နှုန်းဖြင့် ကျောင်းကုန်းကျေးရွာ၊ ရွှေယမင်းဆီဆိုင်တွင် ယနေ့နံနက်(၈)နာရီက ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးသော မီးဖိုချောင်သုံးစားသုံးဆီများကို စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေး၏ အနီးကပ်ကြီးကြပ်မှုဖြင့် လူတစ်ဦးလျှင် ဆီ(၁)ပိဿာ (၄၂၀၀/-)ကျပ်နှုန်းဖြင့် ကြက်သွန်စိုက် တောင်သူများအား ဆီပိဿာချိန် (၇၇၀) ပိဿာအား ရောင်းချပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းကို ဩဂုတ်လ (၁၅) ရက်နေ့မှ ဩဂုတ်လ (၁၇)ရက်နေ့အထိ(၃)ရက်ကြာ ရောင်းချပေးသွားမည်ဖြစ်ပြီး တစ်ရက်လျှင် ဆီပိဿာ (၇၇၀) ပိဿာအား စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)