နောင်ချို ဩဂုတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာ ဓမ္မရိပ်သာ ဝါတွင်းကာလ အထူးတရားစခန်းဖွင့်ပွဲကို ဩဂုတ်လ ၁၂ရက် ညနေပိုင်းက စတင်ဖွင့်လှစ်ခဲ့ပြီး တရားစခန်းဒုတိယနေ့ဖြစ်သော ဩဂုတ် ၁၃ရက်နေ့တွင် ယောဂီများအား အလှူရှင်များမှ ဆက်လက်လှူဒါန်း လျက်ရှိကြောင်း သိရသည်။
တရားစခန်းဒုတိယနေ့ တစ်နေ့တာဆွမ်းကို ပါဟတ်ရပ်ကွက်နေ ဦးကျော်ကျော်၊ သား-ကိုအောင်+မဇင်လေးမိသားစု၊ သဖန်းကိုင်းကျေးရွာ ဦးဇော်မျိုးအောင်+ဒေါ်မေခင်ဝင်းတို့က တစ်ရက်တာဆွမ်းကိုလည်းကောင်း၊ ကုန်းစုံရွာ ဦးစိန်လင်းမိသားစု၊ နမ့်မော်ရွာ ယောဂီများ မိသားစုတို့က ဘောစဉ်အလှူကိုလည်းကောင်း လှူဒါန်းခဲ့ရာ သဖန်းကိုင်းပရဟိတဆရာတော်မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ ဝါတွင်းကာလ အထူးတရားစခန်းသို့ မြို့နယ်အတွင်းရှိ ယောဂီသူတော်စင် (၁၈၀)ဦး တရားဘာဝနာများအားထုတ်ကြပြီး တရားစခန်းကို (၇)ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သဖန်းကိုင်း ပရဟိတဆရာတော်ထံမှ သိရသည်။
ထွေးငယ်၊ပြန်/ဆက်