အမာမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ အသိပညာပေးဟော‌ပြောပွဲ ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌  မူးယစ်ဆေးဝါးနှင့် စိတ်ကို‌ပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟော‌ပြောပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်သူ့ဆက်ဆံရေး ဘာသာရပ်သင်တန်း အမှတ်စဉ်(၃/၂၀၂၂) သင်တန်းဖွင့်ပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်း အမှတ်စဉ်(၃/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က အဆိုပါ ဦးစီးဌာန၊ နေပြည်တော် ယာဉ်မောင်းစစ်ဆေးရေးဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

မူဆယ်မြို့ ဓာတ်ဆီဆိုင်အချို့တွင် ဓာတ်ဆီများ ပုံမှန်ရောင်းချ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့  ဓာတ်ဆီဆိုင်အချို့တွင် ဓာတ်ဆီများကို ယမန်နေ့  နံနက်ပိုင်းမှစ၍  ပုံမှန်ရောင်းချပေးလျက်ရှိကြောင်း

ပုလောမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၉ နာရီက ပုလောမြို့နယ် Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကွတ်ခိုင်မြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် နံရံကပ်၊ ဓာတ်ပုံ၊ စာအုပ်၊ စာစောင် ပြပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၁)နာရီ အချိန်က နံရံကပ်၊ ဓာတ်ပုံ၊ စာအုပ်၊ စာစောင်ပြပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့၍ မြို့ပေါ်ရပ်ကွက်များတွင် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီးနောက် ကျန်ရှိခဲ့သော ရွှံနွံများနှင့် အမှိုက်များအား စုပေါင်းရှင်းလင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မိုးသည်းထန်ရွာသွန်းခဲ့၍ ရပ်ကွက်များတွင် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ပြီးနောက် ကျန်ရှိနေသောရွှံနွံနှင့် အမှိုက်များအား ဩဂုတ် ၁၅ ရက် နံနက် ၇ နာရီခွဲတွင် တာဝန်ရှိသူများက စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပင်လောင်းမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်ပီကျေးရွာအုပ်စု နောင်ပီကျေးရွာ စုပေါင်းခန်းမတွင် အောင်ပန်းမြို့၊ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၆၅)စက်မှုလယ်ယာစခန်းမှ စိုက်ပျိုးရေးတောင်သူများအတွက် (၁/၂၀၂၂) လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းကို ယမန်နေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ပေးသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းဘေး‌တောင်ပြိုကျမှု အခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းဘေးရှိတောင်ပြိုကျ၍ လမ်းပေါ်သို့ မြေစာများပြိုကျသဖြင့် ယာဉ်သွားလာမှုယာယီပြတ်တောက်မှုအခြေအနေအား တာဝန်ရှိသူများက ယနေ့မွန်းတည့် (၁၂)အချိန် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်း Diamond Dragon Co.,Ltd က စားသုံးဆီများ ဈေးကားဖြင့် လှည့်လည်ရောင်းချ

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့၏ စီစဉ်ကြီးကြပ်မှုဖြင့် Diamond Dragon Co.,Ltd က ဘူးသွင်းဆီ(Consumer Pack)များကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ ဈေးကားဖြင့် လှည့်လည်၍ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့၌ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှ ရောက်ရှိလာသော စစ်ဘေးရှောင်ပြည်သူများအား ဌာနေ ဒေသအသီးသီးမြို့များသို့ တာဝန်ရှိသူများက မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ ရွာသစ်ကုန်းကျေးရွာအုပ်စုရှိ ယာဉ်ရပ်နားစခန်းသို့ ယမန်နေ့ နံနက်(၁၁)နာရီခန့်က (၁၂)ဘီးယာဉ်ဖြင့် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှ စစ်ဘေးရှောင်ပြည်သူ (၇၉)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက ဌာနေဒေသအသီးသီးမြို့များသို့ သက်ဆိုင်ရာမော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Subscribe to