ရေကြည်မြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀) နာရီအချိန်က အ.မ.က ယိုးဒယားတက်ကျောင်းခန်းမတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂)ကျင်းပ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၃/၂၀၂၂)ကို ယမန်နေ့ နေ့လယ် ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အုတ်တွင်းမြို့နယ်၌ ဆန်များ စျေးနှုန်းချိုသာစွာ ရွေ့လျားစနစ်ဖြင့် လိုက်လံရောင်းချပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဆန်တစ်ပြည်လျှင် ၁၆၀၀ကျပ်နှုန်းဖြင့်‌​ စျေးနှုန်းချိုသာစွာဖြင့် ယမန်နေ့နံနက်ပိုင်းတွင် အုတ်တွင်း မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ရွေ့လျားစနစ်ဖြင့် လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ သို့သွားရောက်ပြီး အသိပညာပေး ဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံမီးသတ်ဦးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောခြင်းကို မြို့မအ.ထ.က (၂) ကျောင်း၌ ယမန်နေ့နံနက်၁၀နာရီက ဟောပြောခဲ့ကြောင်း သိရသည်။

ဖြူးမြိူ့ပေါ် ကျောင်းများတွင် တိုင်းရင်းဆေးဖြင့် ကျောင်းသား/ကျောင်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများကို ကွင်းဆင်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရေးအတွက် ဖြူးမြို့နယ် တိုင်းရင်းဆေး ဦးစီးဌာနနှင့် ဖြူးမြို့နယ်(၁၆) ကုတင်ဆံ့တိုင်းရင်းဆေးရုံတို့ ပူးပေါင်းကာ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့ပေါ်အခြေခံပညာကျောင်းများတွင် သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ စက်သုံးဆီဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိစေရေးနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး လိုက်လံကြည့်ရှု စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိစေရေးနှင့် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေးအတွက် စစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက စက်သုံးဆီဆိုင်ကြီးများကို လိုက်လံ ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

လိပ်သိုမြို့တွင် လမ်းဘေးဝဲယာ ပေါင်းမြက်ခြုံနွယ်များအား စုပေါင်းခုတ်ထွင်ရှင်းလင်းမှုများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် မြို့အင်္ဂါရပ်နှင့်ညီညွတ်ပြီး သာယာလှပစေရန်နှင့် မိုးတွင်းကာလတွင် လျှင်မြန်စွာကြီးထွားရှင်သန်လာသော ပေါင်းမြက်ခြုံနွယ်များကြောင့် ခြင်များခိုအောင်းပေါက်ပွားမှု‌လျှော့နည်းစေရန်ရည်ရွယ်၍ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ယမန်နေ့နံနက်က ဌာနဆိုင်ရာရုံးကုန်း လမ်းဘေးဝဲယာတလျှောက်ရှိ ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းမှုများစုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရသေ့တောင်မြို့တွင် ကလေးများအား ဗီတာမင်(A)နှင့် သန်ချဆေးများကို အသက်အပိုင်းအခြားအလိုက် ထိုးနှံတိုက်ကျွေးပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင် အသက်(၂)မှ (၄)နှစ်အထိ ကလေးများနှင့် (၆)လမှ (၅)နှစ်အထိ ကလေးများအား အာဟာရ ရက်သတ္တပတ်အနေဖြင့် ဗီတာမင်အေနှင့် သန်ချဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရသေ့တောင်မြို့၊ မြို့မ အ.မ.က၊ အမှတ်(၄)ကျောင်း၌ ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်မနုစိန်နှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်လေးလုံး ပြိုကျပျက်စီးခဲ့ရသော လေဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီးကျေးရွာတွင် ဩဂုတ်လ ၇ ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်ပြိုတစ်လုံး၊ မဲဇလီကွင်း‌ပေါက်ကျေးရွာအုပ်စု၊ အနောက်အုပ်စုကျေးရွာတွင် ဩဂုတ်လ ၉ ရက်နေ့ နံနက် အချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့်
Subscribe to