ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်း Diamond Dragon Co.,Ltd က စားသုံးဆီများ ဈေးကားဖြင့် လှည့်လည်ရောင်းချ

နေပြည်တော် ဩဂုတ် ၁၆

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့၏ စီစဉ်ကြီးကြပ်မှုဖြင့် Diamond Dragon Co.,Ltd က ဘူးသွင်းဆီ(Consumer Pack)များကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ ဈေးကားဖြင့် လှည့်လည်၍ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဈေးကားဖြင့် လှည့်လည်၍ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ဩဂုတ်လ ၁၅ ရက်နေ့တွင် ရုံးအမှတ်(၅၂)ရှိ စားသုံးသူရေးရာဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာနနှင့် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာနများရှိ ဝန်တမ်းများအား ဆီပိဿာ(၁၂၀၀)ကို ရောင်းချပေးခဲ့ပြီး ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်းရှိ ဝန်ကြီးဌာနရုံးများ၊ စည်ပင်သာယာဈေးများ၊ ဝန်ထမ်းအိမ်ယာများ၊ မြို့နယ်၊ ရပ်ကွက်များသို့ ဆက်လက်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကိုကို(ခရိုင်ပြန်/ဆက်)