ကွတ်ခိုင် ဩဂုတ် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၁)နာရီ အချိန်က နံရံကပ်၊ ဓာတ်ပုံ၊ စာအုပ်၊ စာစောင်ပြပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ နံရံကပ်၊ ဓာတ်ပုံ၊ စာအုပ်၊ စာစောင်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဌေးဌေးဝင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလိုပြပွဲများပြုလုပ်၍ အသိပညာများ မျှဝေပေးခြင်းကို စဉ်ဆက်မပျက်ပြုလုပ်ဆောင်ရွက်ခဲ့ရာ ယနေ့တွင်လည်းပြပွဲသို့ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များအနေဖြင့်လည်း ဤပြပွဲမှဗဟုသုတ တစ်မျိုးမျိုးရရှိနိုင်မည် ဖြစ်ကြောင်း ဦးစွာရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူကုန်ကူးမှုဆိုင်ရာအသိပညာပေးအကြောင်းအရာများ၊ အခြားသောဗဟုသုတရရှိစေမည့် အကြောင်းအရာများအား နံရံကပ်နှင့်ဓာတ်ပုံအဖြစ်သော်လည်ကောင်းပြသပြီး သုတရသစာအုပ်များကိုလည်း ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စိတ်ဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)