ပုလော ဩဂုတ် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၉ နာရီက ပုလောမြို့နယ် Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Talk Show တွင် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်က ဘဘာဝဘေး အန္တရာယ် မဖြစ်ပွားမီ ကြိုတင်ပြင်ဆင်ရန်၊ ဖြစ်ပေါ်နေစဉ် လိုက်နာဆောင်ရွက်ရန်နှင့် ဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များကို သိရှိစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြော ကြားခဲ့သည်။
ယင်းနောက် ပုလောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြစောနွယ်က သဘာဝ ဘေးအန္တရာယ်တွင်မုန်တိုင်းဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး၊ ငလျင်ဘေး၊ မီးဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ ရေကြီးဘေး စသည့် ဖြင့်ရှိကြောင်း၊ မုန်တိုင်း၏ အန္တရာယ်ကို ကောင်းစွာ နားလည် သဘောပေါက်စေရန် အတွက် အရောင်အညွှန်းနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းများ၊ မုန်တိုင်း မဖြစ်ပွာမီ မိမိနေအိမ်ပတ်ဝန်းကျင်တွင် ဘေးမဖြစ်စေရန် အိမ်၏ကြံ့ခိုင်မှု၊ သစ်ပင်၊ သစ်ကိုင်းများ၊ မိသားစုအရေးပေါ် ပြောင်းရွှေ့နိုင်ရန်နေရာနှင့် ဆုံမှတ်များ၊ အရေးပေါ်သုံးပစ္စည်းများနှင့် အသက် ကယ်ပစ္စည်းများ ကြိုတင်ပြင်ဆင်ရန်၊ သက်ဆိုင်ရာ အစိုးရဌာနမှ ထုတ်ပြန်ထားသော မိုးလေဝသ သတင်းကို စဉ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက်များကို လိုက်နာရန်နှင့် အခြားသူများကို မျှဝေ ရန်၊ ကောလာဟသ သတင်းများကို မယုံကြည်ရန်၊ ပေါ့ပါးပြီးရေစိုခံကာ သယ်ယူရလွယ်ကူသော အိတ်ဖြင့် အရေးပေါ်သုံးပစ္စည်းများနှင့် အရေးကြီးစာရွက် စာတမ်းများကို ထည့်ထားရန်နှင့် မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် မလိုအပ်ဘဲအပြင်ထွက်ခွာခြင်းမပြုရန်၊ မသန့်ရှင်းသော ရေအရင်းအမြစ်များကို မသုံးစွဲရန်နှင့် ပြိုကျပျက်စီးနေသော အဆောက်အအုံများ၊ သစ်ပင်များတောင်စောင်းများကို ရှောင်ရှားသင့်သည့် ကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့သည်။
အေးအေးမော်(ပုလော)