ဟိုပုံး ဩဂုတ် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းဘေးရှိတောင်ပြိုကျ၍ လမ်းပေါ်သို့ မြေစာများပြိုကျသဖြင့် ယာဉ်သွားလာမှုယာယီပြတ်တောက်မှုအခြေအနေအား တာဝန်ရှိသူများက ယနေ့မွန်းတည့် (၁၂)အချိန် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟိုပုံးမြို့နယ် စငေါကျေးရွာအုပ်စု၊ ပန်လျန်းကျေးရွာနှင့် စံဖူးကျေးရွာအုပ်စု စံဖူးကျေးရွာကြား နမ့်ခုတ်-စံဖူး-ရွာသစ်လမ်း မိုင်တိုင်(၁၈/၁၉)မိုင် ကြားတွင် လမ်းဘေးတောင်ပြိုကျမှုကြောင့် လမ်းမပေါ်သို့ မြေစာများပြိုကျသဖြင့် လမ်းအသုံးပြုမှုယာယီ ပြတ်တောက်မှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်း၊ မြို့နယ်ရဲစခန်းမှ ဒုရဲမှူးခင်ဇော်ဦး၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်လမ်းဦးစီးဌာနနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရာ ဒေသခံပြည်သူများ လမ်းအသုံးပြုမှု အဆင်ပြေစေရန်အတွက် လမ်းရှင်းလင်းရေးလုပ်ငန်းများကို စက်ယန္တရားများဖြင့် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)