မူဆယ် ဩဂုတ် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ဓာတ်ဆီဆိုင်အချို့တွင် ဓာတ်ဆီများကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ပုံမှန်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မူဆယ်မြို့တွင် ဓာတ်ဆီပြတ်လပ်မှုမှာ ရက်အနည်းငယ်ကြာခဲ့ပြီး ယခုအခါ ရောင်းချပေးရာတွင် မူဆယ်မြို့ဓာတ်ဆီဆိုင်တွင် ဓာတ်ဆီလာဝယ်သူများကို အမြင့်ဆုံးဈေးနှုန်းအားဖြင့် တစ်လီတာကို ၂၄၂၅ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး ပုံးဖြင့်လာဝယ်သူများကို တစ်ပုံးလျှင် ၁၀၀၀၀ ကျပ်နှုန်း ၊ ကားတစ်စီးလျှင် ၄၀၀၀၀ ကျပ်နှုန်းနှင့် သုံးဘီးဆိုင်ကယ်များကိုလည်း တစ်စီးလျှင် ၁၀၀၀၀ ကျပ် နှုန်းဖြင့် အနိမ့်ဆုံးဈေးနှုန်းဖြင့် ပုံမှန်ရောင်းချနေပြီး အချို့ဆိုင်များဖြစ်သည့် မိုင်းယု ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် DENKO ဓာတ်ဆီဆိုင်တွင် တစ်လီတာကို ၂၄၂၅ ကျပ်နှုန်းနှင့် မော်သောင်းရွာ ငွေဗျိုင်းဖြူ ဓာတ်ဆီဆိုင်တွင် တစ်လီတာကို ၂၄၁၅ ကျပ်နှုန်းဖြင့် ပုံမှန်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဇင်မောင်(မူဆယ်)