ရသေ့တောင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ သို့သွားရောက်ပြီး အသိပညာပေး ဟောပြောပွဲကျင်းပ

ရသေ့တောင် ဩဂုတ် ၁၆

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံမီးသတ်ဦးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောခြင်းကို မြို့မအ.ထ.က (၂) ကျောင်း၌ ယမန်နေ့နံနက်၁၀နာရီက ဟောပြောခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးဦးကျော်လွင်မှ သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး သဘာဝဘေးအန္တရာယ်အကြောင်း၊ ရေဘေးအန္တရာယ်၊ မုန်တိုင်းဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်များ ကြုံတွေ့လာရပါက ကျောင်းသူ/ ကျောင်းသားများ ဆောင်ရန်ရှောင်ရန် အချက်များဖြစ်သည့် ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက်ပြုလုပ်ရန်အချက်များ၊ ရေကြီးပြီးနောက် ရှောင်ရှားသင့်သည့် အချက်များ ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးအောင်ချမ်းသာမှ မီးငြိမ်းသတ်ရေးအသိပညာများ၊ အရေးပေါ်လူနာထမ်းနည်းများ၊ မီးချိုတ်၊ မီးကပ်များ အသုံးပြုနည်းများကို လက်တွေသရုပ်ပြခဲ့ကြသည်။ ထိုအသိပညာဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသူ/ ကျောင်းသား (၂၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်းကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)