သာပေါင်း ဩဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီးကျေးရွာတွင် ဩဂုတ်လ ၇ ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်ပြိုတစ်လုံး၊ မဲဇလီကွင်းပေါက်ကျေးရွာအုပ်စု၊ အနောက်အုပ်စုကျေးရွာတွင် ဩဂုတ်လ ၉ ရက်နေ့ နံနက်အချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဦးစောလွင် နေအိမ်တို့ ပြိုကျပျက်စီးခဲ့ရပြီး စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီး ကျေးရွာတွင် ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းအချိန်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ဦးတင်သိန်းမိသားစုနှင့် ဦးမြတ်မင်း မိသားစုနေအိမ်တို့ ပြိုကျပျက်စီးခဲ့ရခြင်းတို့အား ယနေ့ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့် မိသားစုများ အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတို့ လက်ဝယ်အရောက် ထောက်ပံ့ပေးကြသည်။
ထိုသို့ မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်အိမ်ပြိုကျပျက်စီး ဆုံးရှုံးခဲ့ရသည့် မိသားစုများအား မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီးကျေးရွာတွင် ဦးဖြိုးဇင်အောင် နေအိမ်ပြိုထောက်ပံ့ငွေ (၁၀၀,၀၀၀/-)၊ မိသားစု(၃)ဦးအတွက် ဆန်ရိက္ခာထောက်ပံ့ငွေ (၆,၃၀ဝ/-)၊ ကျောင်းသူ ကျောင်းဝတ်စုံ(၁)စုံ အတွက် (၁,၅၀ဝ/-) ကျပ်၊ ဦးစောလွင်အတွက် နေအိမ်ပြိုထောက်ပံ့ငွေ(၁၀၀,၀၀၀/-)၊ ဆန်ရိက္ခာ ထောက်ပံ့ငွေ(၂,၁၀၀/-) စုစုပေါင်း(၁၀၂,၁၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁)ပုံး၊ ဦးတင်သိန်း မိသားစု(၃)ဦးအတွက် နေအိမ်ပြို ထောက်ပံ့ငွေ(၁၀၀,၀၀၀/-)၊ ဆန်ရိက္ခာ တစ်ပတ်စာ(၆,၃၀ဝ/)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)ပုံး၊ ဦးမြတ်မင်း မိသားစု(၄)ဦးအတွက် နေအိမ်ပြိုထောက်ပံ့ငွေ (၁၀၀,၀၀၀/-)၊ ဆန်ရိက္ခာ တစ်ပတ်စာ(၈,၄၀ဝ/)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)ပုံးတို့ကို သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လက်ရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း(ပြန်/ဆက်)