ဖြူးမြိူ့ပေါ် ကျောင်းများတွင် တိုင်းရင်းဆေးဖြင့် ကျောင်းသား/ကျောင်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများကို ကွင်းဆင်းဆောင်ရွက်ပေး

ဖြူး ဩဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ  ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရေးအတွက် ဖြူးမြို့နယ် တိုင်းရင်းဆေး ဦးစီးဌာနနှင့် ဖြူးမြို့နယ်(၁၆) ကုတင်ဆံ့တိုင်းရင်းဆေးရုံတို့ ပူးပေါင်းကာ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့ပေါ်အခြေခံပညာကျောင်းများတွင် သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးနှင့် ဝန်ထမ်းများ၊ ဖြူးမြို့နယ်(၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်းနှင့် ဝန်ထမ်းများက ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား ဆေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး ကျောင်းသား/ကျောင်းသူများ အဖြစ်များသည့် ချောင်းဆိုးခြင်း၊ အစာမကြေ ဝမ်းဖောဝမ်းရောင်ခြင်း၊ အရေပြားယားယံခြင်း၊ ကျောင်းသူများအတွက် မီးယပ်ပိုင်း ဆိုင်ရာများအတွက် ကုသပေးခြင်း၊ လိုအပ်သည့်ဆေးများပေးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)