ရေကြည်မြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရေကြည်    ဩဂုတ်  ၁၆

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀) နာရီအချိန်က အ.မ.က ယိုးဒယားတက်ကျောင်းခန်းမတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ် မိုးစီစီအောင်ကလူငယ်နှင့် ရည်မှန်းချက်အကြောင်း၊ စားသုံးသူရေးရာဦးစီး ဌာနမှဦးစီးမှူး ဒေါ်ချယ်ရီမြင့်က စားသုံးသူအခွင့်အရေးနှင့်ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာများအကြောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်နှင်းနှင်းအေးကအားကစားဆိုင်ရာ သိကောင်းစရာများအကြောင်း ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောခဲ့သည်။

ဆက်လက်၍မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်နှင်းနှင်းအေး ကအားက စားဆိုင်ရာပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကိုယ်လက်လှုပ်ရှား ကိုယ်လက်လေ့ကျင်ခန်းများ ကိုလည်းလက်တွေ့သင်ကြား ပေးခဲ့ပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်းအသိ ပညာပေးနံရံကပ်ဓါတ်ပုံများကိုလည်း ပြသပေးခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)