မင်းတုန်းမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများသို့ ဥကပ်ပါးနဂျီ (Trichogramma) စုပေါင်းလွှတ်ပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ ဝန်တွင်းရွာရှိ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများသို့ ယနေ့နံနက် ၈ နာရီခွဲတွင် ဥကပ်ပါးနဂျီ(Trichogramma) စုပေါင်းလွှတ်ပွဲပြုလုပ်ရာ

မိုင်းနောင်မြို့တွင် ကျေးသီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား (၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် ကျေးသီးမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍၂၀၂၂ခုနှစ် ကျေးသီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဖလား

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုပြုလုပ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူကလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ရည်ရွယ်၍ ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းများတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။

တံတားဦးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာပေးဟောပြောခြင်းနှင့် စွမ်းအားမြှင့် အေဝမ်းမီးဖိုများဖြန့်ဝေ

တံတားဦးခရိုင် တံတားဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေးဟော ပြောပွဲနှင့် စွမ်းအားမြှင့် အေဝမ်းမီးဖိုပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တံတားဦးမြို့နယ် တပယ်ကျေးရွာ ရာပြည့်ဓမ္မာရုံ၌ ကျင်းပကြောင်းသိရသည်။

ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုးကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အမှတ်(၄)ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊‌ မြောက်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများ First dose၊ Second Dose နှင့် Booster ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှစ၍ မယ်လမုဘုရားဝန်းသုံးထပ်ဆောင်တွင် မြို့နယ်ပြည်သူ့ကျန်းမာ‌ရေး ဦးစီးဌာနမှ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ထပ်ဆောင်း (Booster Does) စတုတ္ထအကြိမ်ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသော ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း (Booster Does) စတုတ္ထအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၄)ရပ်ကွက်၊ မြို့လယ်သံဓမ္မာ၌ စတင်ထိုးနှံပေးလျက်ရှိသည်။

မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စက်ခေါင်းမောင်း လက်ထောက်-၂ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စက်ခေါင်းမောင်း လက်ထောက်-၂ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါသင်တန်း ကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။

အုတ်ဖိုမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.ထ.က တိမ်ညွန့်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာ၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးကို ကလေးများကိုယ်တိုင်နားလည်သိရှိပြီး ကျရောက်နိုင်သည့် အန္တရာယ်များအား မိမိကိုယ်မိမိကာကွယ်နိုင်ရန် ကလေးသူငယ်အခွင့်အရေးများကို သိရှိလိုက်နာပြီး ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်၊ ကိုယ်ကာယကျန်းမာရွှင်လန်းစွာ ပညာသင်ယူနိုင်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းနောင်မြို့တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေး ကိစ္စညှိနှိုင်းအစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်  ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများက ဒေသဖွံ့ဖြိုးရေးကိစ္စများ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွှဲ(၂)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း
Subscribe to