အုတ်တွင်း သြဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဆန်တစ်ပြည်လျှင် ၁၆၀၀ကျပ်နှုန်းဖြင့် စျေးနှုန်းချိုသာစွာဖြင့် ယမန်နေ့နံနက်ပိုင်းတွင် အုတ်တွင်း မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ရွေ့လျားစနစ်ဖြင့် လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆန်ရောင်းချရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်ကုန်သည်ကြီးများ အသင်းတို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားများအတွက် ရည်ရွယ်ကာ ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၆၀၀နှုန်း၊ ရွေ့လျားစနစ်ဖြင့် စျေးနှုန်းချိုသာစွာ လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)